Tuesday 13 March 2012

ဆိုလို ခရီးသွား


ဒီလက်လုပ်နိဗ္ဗာန်အတွက်
ဘယ်ကမ်းလှမ်းချက်ကမှ လူရာမဝင်ကြောင်း
“လူစီ”က ပြောလိုက်ပြီ။

သိမှုနဲ့ ဆင်ခြင်တုံတရားကို
မီးရှို့လိုက်တော့၊
ငါ့အရေပြားထဲက
စကားလုံးတွေ တိုးထွက်လာတယ်။

“ဒါမိုင်ကုန်ပဲ ကိုယ့်လူ . . .
ဂိတ်ကဆုံးနေပြီ”

လျှပ်စစ်လို ပြိုးပြက်လက်ရှနေသော
အပါယ်လမ်းပေါ်က မိုးကြိုးသွားဖတ်စာမှာ
စားဖားကြီးတွေ ကောင်းစားရေးပဲဆိုရင်တော့
ဆောရီးပဲ . . .
ဘာလုပ်ရမှာလဲ။

ခေတ်အဆက်ဆက် . . .
သမိုင်းအဆက်ဆက် . . .
ပုစ္ဆာအဆက်ဆက် . . .
အဖြူရောင်ပညာရှင်တွေ နှာစေးနေဆဲ၊
အနက်ရောင်သိုင်းသမားတို့က
လက်ကျန်ကွက်လပ်များပေါ်
အပျင်းပြေလမ်းသလားနေကြရဲ့။

ဒီလိုနဲ့ . . .
မကြာခင်ရောက်ရှိလာတော့မဲ့
တနင်္ဂနွေခမျာ
မဆီမဆိုင် အပြစ်ဖြစ်ရဦးမယ်။

လူတွေလည်း နတ်ပြည်ရောက်ဖို့
ကိုယ့်ဒုက္ခနဲ့ကိုယ်၊
ငါကိုယ်တိုင်လည်း
ဒါ့ထက်ပိုပြီး မရှုပ်ထွေးတတ်တော့ဘူး။    ။

| ဝေမှူးသွင် |

No comments:

Post a Comment